ပုဂံခေတ် က ဒုသနသော ကျန်စစ်သား နှင့် အဏာရူး လူသတ်သမား အနော်ရထာ

အတန်းပညာ သင်ယူဖို့ ကျောင်းတက်ပြီးဆိုတာနဲ့ ကျောင်းမှာ စသင်ရတဲ့ သမိုင်းက ပုဂံခေတ် စစ်သည်တော် လေးသိန်းအားရှိတဲ့ သူရဲကောင်းလေးဦး ကို သင်ရတော့တာဘဲ။ မသိနားမလည်သေးတဲ့ ကလေးဘဝမှာတုန်းကတော့ သမိုင်းဆိုတာ အမှန်ဘဲ ဟုတ်မှာဆိုပြီး ယုံကြည်ခဲ့တာပေါ့။ ပါဝါရိန်းဂျား တို့ ပင့်ကူလူသားတို့ ပုံစံပေါ့လေ....။ ယခုအထိလည်း သင်နေတုန်း ထင်ပါရဲ့...

ကျန်စစ်သားသည် လက်ရုံးရည်နှလုံးရည်နှင့်ပြည်စုံတယ် မြင်းစီးကျွမ်းကျင်သလို့ စကားပြောကလည်းကောင်းတယ်လေ ဒါကြောင့်လဲ အနော်ရထာ မိန်းမ မဏိစန္ဒာကို တော်ကီနဲ့ ချူပ်ပြီး အပိုင် ကြံလိုက်တာပေါ့။ ဒုသနသော (ကြာကူလီ) အလုပ်ကို လုပ်ခဲ့ပေမဲ့ သမိုင်း လှအောင် ရေးဖို့ကြတော့ ဘုရားတရားသိပ်ကြည်ညို တယ်ပေါ့လေ။ အနော်ရထာမင်း က ကျန်စစ်သား သူ့မယားကို ကြာခိုနေတာကို ပထမတော့မသိသေးဘူး၊ နောက်သူ့သား စောလူးမင်းက ပြောမှ သိတော့ စိတ်ဆိုးတာပေါ့ အဲ့ဒီတော့ ကျန်စစ်သားကို သူ့ရဲ့ လက်စွဲတော် အရိန္နမာ လှံနဲ့ ပစ်လိုက်သတဲ့ ပစ်လိုက်တာ ကျန်စစ်သားကို မထိ ဘူးဖြစ်သွားတယ်။ ကျန်စစ်သားလဲ ပြေးနိုင်မှ လွတ်မယ်ဆိုတာ သိတော့ ပြေးတာပေါ့။ အဲ့ဒီမှာထဲက ကျန်စစ်သား ဇာတိပြပုံကတော့ အနော်ရထာမင်း ပစ်လိုက်တဲ့ အရိန္နမာ လှံကို ပါ ခိုးပြေးသွားလိုက်သေးတယ်။ ဒီအကြောင်းအရာထဲမှာ အနော်ရထာက ကိုလဲ သိက္ခာအကျမခံနိုင်ဘူးလေ ဒါကြောင့် ရှေးရာဇဝင် ဆရာကြီးတွေက အနော်ရထာကို ဖာထေးပေးရတာပေါ့။ ဘယ်လိုဖာထေးလဲဆိုတော့

ကျန်စစ်သားက သူ့မယားကိုထိလို့ လှံနဲ့ပစ်သတ်ပေမယ့် ကျန်စစ်သား သစ္စာတရားကို လှံက သိတာကြောင့် မထိပဲ လွဲချော်ခဲ့ရတယ်တဲ့


အချို့ကျပြန်တော့လည်း အနော်ရထာမင်းက လှံပစ် အရမ်းကိုတိကျတာတဲ့ မိန်းမတစ်ယောက်အတွက်နဲ့ အင်မတန်အားထားရတဲ့ သူရဲကောင်းတစ်ဦးကို သတ်ရတယ်ဆိုပြီး ရာဇဝန်မတင်အောင် မထိအောင်ချော်ပစ်လိုက်တာဆိုဘဲ။ အနော်ရထာ လှံပစ်တာ တိကျလား မတိကျလား တော့မသိဘူး။ မြို့တံခါးဝမှာ လူတကာလိုက်ခွေ့နေတဲ့ ကျွဲ တစ်ကောင်ကို အနော်ရထာက ငါကိုယ်တော်တိုင် ဒီကျွဲဆိုးကို သုတ်သင်မယ်ဆိုပြီး ဆင်နဲ့ချီတက်သွားခဲ့တယ်။ ကျွဲနဲ့တွေ့တဲ့အခါ လှံပစ်တိကျပါတယ်ဆိုသူကြီး လှံနဲ့ ပစ်လိုက်တာ လှံက ကျွဲကို မထိဘဲ ကျွဲ ခွေ့လို့ အသေဆိုးနဲ့ သေပါလေရောလား။

ယခုခေတ်မှာ သက်ရှိထင်ရှားရှိနေတဲ့ ဆိုးလွန်းပါတယ်ဆိုသူကြီးများဖြစ်တဲ့ ကဒါဖီ၊ မူဂါဘီ တို့ ကို အနော်ရထာက သနားတယ်။ အနော်ရထာလည်း အာဏာရူး တစ်ယောက်ဘဲ။ အနော်ရထာရဲ့ ပုဏ္ဏား နှစ်ယောက်က ဖြစ်တဲ့ ဟူးရားဖြူ၊ ဟူးရားညို တို့က အရှင်ရဲ့ ဘုရင်ရာထူးကို လူ့ယူမဲ့သူက အခုဆိုရင် အမိဝမ်းထဲမှာ သန္ဓေတည် နေပြီးလို့ တွက်ချက်တွေ့ရှိထားပါတယ်ဆိုပြီး ပြောပါလေရော။ အာဏာရူး အနော်ရထာ တစ်ယောက် ဘာပြောကောင်းမလဲ နိုင်ငံလုံးမှာရှိတဲ့ ကိုယ်ဝန်ဆောင် မိန်းမတွေအကုန်လုံးကို လိုက်သတ်ပစ်ခိုင်းပါလေရော။ ကာလ အတော်အကြာမှာ သတိရပြီးထပ်မေးတော့ အခုဆိုရင်ဖြင့် အရှင်မင်းရဲ့ ဘုရင်ရာထူးကို လုယူမဲ့သူဟာ နို့ဆိုအရွယ် သို့ရောက်ရှိနေပါပြီး လို့ လျှောက်ထားပြန်တော့ အနော်ရထာ ဟာ တိုင်းပြည်မှာရှိတဲ့ နို့စို့ ကလေးတွေ အကုန်လုံးကို သတ်ခိုင်း ပြန်ရော။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်မေးတော့ နွားကျောင်းသား အရွယ်ကို ရောက်နေပြီလို့ ဆိုပြန်တော့လည်း တိုင်းပြည်မှာရှိတဲ့ နွားကျောင်းသားအရွယ် ကလေးတွေ အကုန်သတ်ခိုင်းပြန်တော့ အပြစ်မဲ့ ကလေးတွေ အစုလိုက် အပြုန်လိုက် သေပွဲဝင်ခဲ့ကြရရှာတယ်။ အခုမြန်မာနိုင်ငံက ဗိုလ်ချူပ်တွေ နဲ့ အာဏာရူးတာခြင်းတူပေမဲ့ ရက်စက်တဲ့နေရာမှာတော့ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ တို့ အနော်ရထာရဲ့ ခြေဖျားတောင်မမှီဘူး။ ဒါကြောင့်လဲ ကျွဲခတ်ပြီး သေခြင်းဆိုးနဲ့ သေရတာ။ နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသော အခါ ယခု ရဟန်းပြုနေပြီ လို့ ပရောဟိတ်တွေက ဖြေတော့ ရဟန်းတွေကို သတ်ဖို့ နန်းတော်ထဲမှာ ထမင်းဖိတ်ကြွေးတယ်။ ဒီတစ်ခါ ပရောဟိတ်တွေက ဘယ်လို ထပ်ပြီးကြပ်လဲဆိုတော့ ထိုသူအား ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက် တာကိုမြင်ရလိမ့်မယ်တဲ့ .. ခင်ဗျားတို့ စဉ်းစားကြည့်ဘယ်သူက ရေသောက်ရင် ပါးစပ်ထဲက စက်ရောင်ထွက်မှာလဲ.... ဒါနဲ့ ဟူးရားဖြူ၊ ဟူးရားညို မေးပြန်ရော ဒီတစ်ခါတော့ ကျေးဇူးရှင်နှစ်ယောက်က ဘာပြန်ဖြေလဲ ဆိုတာ မင်းကြီးနဲ့ နောက်မင်းတစ်ဆက် ခြားမှ သူက ဘုရင်ဖြစ်မှာလို့ ပြန်ပြောင်းဖြေမှ ရဟန်းတွေ အနော်ရထာ သတ်မဲ့ဘေးက လွတ်ခဲ့ရတယ်။ အဲ့ဒီ လူက နောက်တော့ ကျန်စစ်သားဖြစ် သွားတယ်ဆိုဘဲ ... ကျန်စစ်သား ပါးစပ်က စက်ရောက်ထွက်လို့လည်း သမိုင်းမှာ တခါမှ မကြားဖူးဘူး။ ကျန်စစ်သားလိုလူလား သူ့ပါးစပ်က စက်ရောင်ထွက်လို့ကတော့ ရေးလိုက်မဲ့ ကျောက်စာတွေ မြန်မာတစ်နိုင်ငံလုံး ကျောက်စာ တွေပြည့်သွားလိမ့်မယ်။ ဒီအတိုင်းတောင်မှာ သူ့အဖေက နေမျိုးနေနွယ်၊ အမေက အုန်းသျှစ်သီးထဲက မွေးလာတာလို့ လျှောက်ဖြီးဖြန်း နေတာ အာခေါင်က စက်ရောင်များ ထွက်လို့ကတော့လား ပြောမဆုံးပေါင်တောသုံးထောင်ဘဲ။

အနော်ရထာမင်းဟာ ဗုဒ္ဓသာသနာကို စတင်အုပ်မြစ်ချခဲ့တယ်လို့ ဆိုပြန်တယ်။ အမှန်ကတော့ သူ့အာဏာမှေးမိန်မှု့ကို ဗုဒ္ဓသာသနာနဲ့ ပွတ်တိုက်ပြီး ပြောင်အောင်လုပ်ခဲ့တာလို့ပြောရင် ပိုမှန်မယ်။ တချိန်က မြန်မာလူမျိုးတွေမှာ အရည်းကြီး သာသနာဘဲရှိခဲ့တာပါ။ အရည်းကြီးများဟာ သူ့တို့အား ကိုးကွယ်သူ တိုင်းသူပြည်သားများ အပေါ်မှာ အနော်ရထာထက် ပိုပြီး သြဇာညောင်းပါတယ်။ အနော်ရထာ အမေကိုယ်တိုင်လည်း အရည်းကြီးများက ပန်းဦး ချွေတာ ခံခဲ့ရသူပါ။ ဒါကိုဘဝင်မကျတဲ့ အနော်ရထာက သူ့သြဇာပိုကြီးအောင် မွန်ပြည်က ရဟန်းတွေကို စစ်ခင်းဓါးမြတိုက်ယူကာ ပုဂံမှာ သာသနာပြုခိုင်းပါတယ်။ နောက်ကျတော့ ဗုဒ္ဓတရားတော် ကိုးကွယ်ရာဆိုပြီး အရည်းကြီးတွေကို သုတ်သင်လိုက်တာဘဲဖြစ်တယ်။ အနော်ရထာ ဘယ်လိုနန်းရခဲ့လဲ ဆိုတာ ပြောရင်တော့ ကိုယ့်အမေ ကို မိဖုရားပြန်မြောက်တဲ့ နောင်တော် စုက္ကတေးမင်း သတ်ပြီးနန်းရခဲ့တာပါ။

ထိုစဉ်က စုက္ကတေးမင်းသည် အနော်ရထာအား "ညီသားနောင်မယ်"ဟု ခေါ်လိုက်လေသည်။

("ညီသားနောင်မယ်"၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ညီလည်းညီ၊ သားလည်းသား ဟူသောအဓိပ္ပါယ်မျိုးပေါက်သည်။ အနော်ရထာ၏ မွေးမိခင် မြောက်ပြင်သည် မိဖုရားကို စုက္ကတေးက မိဖုရားမြှောက် လိုသည်ဟု ဆိုလိုရင်းဖြစ်သည်။) ထိုစကားရပ်မှာ မြန်မာ့သမိုင်းတွင် သမိုင်းတွင်ခဲ့ရလေသည်။

0 comments: